အရသာရှိပြီး လွယ်ကူတဲ့ Mushroom Bread
- Nice Food Myanmar
- Aug 15, 2019
- 1 min read
ပါဝင်ပစ္စည်းများ
– ကောက်ရိုးမှို ၁၀ကျပ်သား
– ကြက်သွန်နီ ခပ်ကြီးကြီး တစ်လုံး
– ထောပတ် စားပွဲတင်ဇွန်း ၂ဇွန်း
– ဆား အနည်းငယ်
– ငရုပ်ကောင်း အနည်းငယ်
– cheese အမျှင် အနည်းငယ်
– ပေါင်မုန့် ၄ချပ်
ပြုလုပ်နည်း
======
– မှိုနဲ့ ကြက်သွန်ကို အရွယ်တော်လေးတွေ လှီးထားပါ။
– ဒယ်အိုးထဲမှာ ထောပတ်ကို အပူပေးပြီး လှီးထားတဲ့ မှိုနဲ့ ကြက်သွန်ကို ထည့်ပါ။
– ဆားနဲ့ ငရုတ်ကောင်း အနေတော် ထည့်ပါ။
– မှို နည်းနည်း စိုလာပြီဆိုရင် အပူလျော့ပြီး ဖြည်းဖြည်းချင်း ရေကုန်အောင် လုပ်ပါ။
– ပေါင်မုန့်ကို မီးကင်ထားပါ။
– မှိုတွေ ရပြီဆိုရင်တော့ ပေါင်မုန့်ပေါ်ကို ဖြန့်ပြီး တင်ပါ။ cheese အမျှင်လေးတွေ ဖြူးပေးပါ။
– ပေါင်မုန့်ကို တစ်ခါထပ်ပြီး ကင်ပါ။ cheese လေးတွေ ပျော်ပြီး ရွှေရောင်သန်းလာတဲ့အထိ ကင်ပေးပါ။
– ကဲ ရပြီဆိုရင်တော့ ပူပူနွေးနွေး စားလိုက်ပါနော်။

Comments