Multiseed bread ကို ဘယ်လို လုပ်ပြီး စားကြမလဲ။
- Nice Food Myanmar
- Aug 15, 2019
- 1 min read
ပေါင်မုန့်ကို အဖြူ သပ်သပ်ချည်းမဟုတ်ဘဲ အစေ့အဆံလေးတွေပါတဲ့ multiseed bread စားဖူးပြီလား။ အစေ့လေးတွေ ဝါးလိုက် ပေါင်မုန့်လေးဝါးလိုက်နဲ့ သိပ်အရသာရှိတာ။ ဒါကိုတောင် သဘောမကျဘူးဆိုရင် multiseed bread ကို ဘယ်လို လုပ်စားရမလဲဆိုတာ ပြောပြပေးမှာပေါ့။
အရသာရှိတဲ့ ပေါင်မုန့်ဖြစ်လာဖို့ ဒီလိုလေးတွေ လုပ်စားလို့ ရတယ်နော်။ Multiseed bread ကို ခဏခဏထည့်ရေးရတာမို့လို့ အမြင်မရှုပ်ရအောင် MSB လို့ပဲ ရေးထားပါတယ်။
MSB ကို သေးသေးလေးတွေ ဖဲ့ထားပါ။ ကြက်သား စင်းပြီးသား သို့မဟုတ် ငါးဖယ်နဲ့ ရောနယ်ပြီး ကြော်စားနိုင်ပါတယ်။ ကလေးများအတွက် သွားရည်စာ အဖြစ်သုံးဆောင်နိုင်ပါတယ်။
MSB ကို သေးသေးလေးတွေကို ဖဲ့ထားပြီး အမျှင်ခြစ်ထားသော cheese နဲ့ ဆတူရောပါ။ ပါစတာ ခေါက်ဆွဲအပေါ်မှာ ဖြူးပြီး topping အဖြစ်နဲ့ စားနိုင်ပါသေးတယ်။
MSB ကို ချိစ် ငရုတ်သီးတို့နဲ့အတူ ပိုင်းဖြတ်ပြီး စွပ်ပြုတ်ရည်နဲ့ ဟင်းရည်တို့ထဲမှာ ထည့်သွင်း စားသုံးနိုင်ပါတယ်။
ကြက်ဥကို အနှစ်အကာရောခေါက်ပြီး MSB အတုံးလေးတွေ ထည့်မွှေလိုက်ပါ။ ပြီးရင်တော့ ဒယ်အိုးထဲဆီထည့်ပြီး ကြော်လိုက်ရင် ပေါင်မုန့်ကြက်ဥကြော် စတိုင်တစ်မျိုးထွက်လာမှာနော်။
ပုဇွန်ကို သန့်စင်ပြီး မီးအေးအေးနဲ့လှော်။ ပြီးရင် ပုဇွန်လှော်လေးတွေကို ခြေ ကြက်ဥအကာ အကြော်မှုန့် ဆား ငရုတ်ကောင်းတို့ ထည့်ပြီးနယ်။ နယ်ထားတဲ့ ပုဇွန်အသားတွေကို အပြားလေးတွေလုပ် ကြော်ပါ။ MSB ကို မီးကင်ပြီး ပုဇွန်ပြားကြော်လေးညှပ် မရောနိစ်လေးဆမ်းလိုက်မယ်ဆိုရင် အရသာရှိတဲ့ ပုဇွန် ဆန်းဒ်ဝစ်လေးရမှာပါ။

Comments