top of page

Healthy FOOD

အသက်ရှင်နေထိုင်ရေးအတွက် လူတိုင်းဟာ နေ့စဉ်စားသောက်နေကြရပါတယ်။ ဒီလိုစားသောက်နေကြတဲ့အခါ မိမိ စားသောက်လိုက်တဲ့ အစားအသောက် များဟာ ကျန်းမာရေး အတွက် အထောက်အကူပြုဖို့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို ရွေးချယ် စားသုံးသင့်သလို အဟာရမျှတစေရန်လည်း ရွေးချယ်နိုင်ဖို့လိုအပ်ပါသည်။
သန့်ရှင်းလတ်ဆတ်မှုမရှိတဲ့ အစားအသောက်တွေ၊ အသီးအနှံတွေ ကိုစားသောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလို၊ အဟာရမျှတတဲ့ အစားအသောက်တွေကို မရွေးချယ် နိုင်ဘူးဆိုရင်လည်း မိမိစားသောက်လိုက်တဲ့ အစားအစာရဲ့ ပေးစွမ်းတဲ့ အဟာရကို လိုအပ်သလိုရရှိမှာ မဟုတ်ပါဘူး။
ကျန်းမာတဲ့အစားအသောက်တွေ ရွေးချယ်စားသောက်မှုဟာ ကျန်းမာတဲ့ လူနေမှုဘ၀ အတွက် အရေးကြီးလှပါတယ်။
သန့်ှရှင်းလတ်ဆတ်တဲ့ အသီးအနှံ များစားသုံးခြင်းကလဲ ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်သလို ကျန်းမာရေးအတွက် ထုတ်လုပ်ထားတဲ့ စားသောက်ကုန်များကလဲ အထောက်အကူ ပြုပါတယ်။

ပေါင်မုန့်


ကျန်းမာရေးအတွပ် အထောက်အကူပြုစား သောက်ကုန်တွေထဲမှာ အများဆုံး စားသောက်ကြတာကတော့ ပေါင်မုန့် ပြီး လူတော်တော်များများရဲ့ နေ့စဉ် အစားအသောက် မီနူးထဲမှာ မပါမဖြစ် ပါနေပါတယ်။
ပေါင်မုန့်ကို အညိုနဲ့ အဖြူအပြင် အရသာအမျိူးမျိူး ပုံစံအမျိုးမျိူးနဲ့ ထုတ်လုပ်ရောင်းချသလို၊ ပေါင်မုန့်ကို အခြားစားသောက်ကုန်ပစ္စည်းများနဲ့လဲ ရောနှော ပြီး စားသောက်ကြပါသေးတယ်။

ပေါင်မုန့်မှာ ပါဝင်တဲ့ ကာဗိုဟိုကဒြိုတ်ဟာ ခန္ဓာကိုယ်အတွက် လူအပ်တဲ့ အားအင်ကို ရရှိဖို့ အထောင်အကူပြုပါတယ်။ အမျှင်ဓာတ်ကလဲ အစာခြေဖျက်ခြင်းကို ကူညီပေးနိုင်ပါတယ်။  ပေါင်မုန့်စားသုံးခြင်းဟာ နှလုံးရောဂါနဲ့ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။

  • Black Facebook Icon
bottom of page