သဘာဝပစ္စည်းများကို အခြေခံထုတ်လုပ်ထားပြီး တာရှည်ခံဆေး၊ ဆိုးဆေးများ အသုံးပြုမထားဘဲ သန့်ရှင်းစွာ ထုတ်လုပ်ထားသည့်အတွက် စိတ်ချလက်ချ သုံးစွဲနိုင်ပါသည်။ လွယ်ကူစွာ သယ်ဆောင်နိုင်ရန် အထုတ်သေးလေးဖြင့် ထုတ်ပိုးထားသော်လည်း အထုတ်ကလေးတစ်ထုတ်တွင် မုန့်ကြွပ် (၃) ချပ်ပါဝင်သည့်အတွက် အဆာပြေ သုံးဆောင်ရန် လုံလောက်ပါသည်။
ထို့အပြင် မိမိအလိုရှိသလောက်သာ ဖွင့်ဖောက်စားသုံးနိုင်သည့်အတွက် လေသလပ်သွားခြင်း၊ မုန့်သားပျော့သွားမည်ကို စိုးရိမ်စရာ လိုမည် မဟုတ်တော့ပါ။
ထို့အပြင် အလုပ်သွား၊ ကျောင်းသွား သူများ အိတ်ထဲတွင် အလွယ်တကူထည့်သွင်း သယ်ဆောင် စားသုံးနိုင်မည်ဖြစ်ပါသည်။
- ပါဝင်ပစ္စည်းများ - ဂျုံ၊ သကြား၊ ကြက်ဥ၊ဆား၊ နို့မှုန့်၊တဆေး၊ ထောပါတ်၊ ဟင်းသီးဟင်းရွက်ဆီ။
- သိုလှောင်ပုံအညွှန်း အေး၍ ခြောက်သွေ့သော နေရာတွင် ထားပါ။
- စားသုံးရန်အညွှန်း အိတ်ဖွင့်ပြီးအဆင်သင့်စားသုံးနိုင်ပါသည်။
- သက်တမ်း ထုတ်လုပ်သည့်နေ့နှင့် သက်တမ်းကုန် ဆုံး သည့် နေ့စွဲ အားအိတ်ပေါ်တွင် ရိုက်နှိပ် ဖော ် ပြထားပါသည်။
- သတိပြုရန် ဂျုံ ၊ ကြက်ဥ ၊ နို့ နှင့်နို့ထွက်ပစွည်း များနှင့် ဓါတ်မတည့်သူများ စားသုံးရန် မသင့်ပါ ။
Nice Food ကထုတ်လုပ်သော product များသည် သဘာဝပစ္စည်းများကို အခြေခံထုတ်လုပ်ထားပြီး တာရှည်ခံဆေး၊ ဆိုးဆေးများ အသုံးပြုမထားဘဲ သန့်ရှင်းစွာ ထုတ်လုပ်ထားသည့်အတွက် စိတ်ချလက်ချ သုံးစွဲနိုင်သော်လည်း တာရှည်ခံဆေးများ သုံးမထားသောကြောင့် ကြာရှည် ထား၍ စားသုံးရန်မသင့်ကြောင်း အကြံပြုလိုပါသည်။
ထောပါတ်မုန့်ကြွပ်
K100.00Price