top of page

ဝိတ်မတက်အောင် ပေါင်မုန့်စားနည်း

  • Writer: Nice Food Myanmar
    Nice Food Myanmar
  • Aug 15, 2019
  • 1 min read

ဒီအချက် ကြိုက်ပြီလေ…ပေါင်မုန့်ကို အရမ်းကြိုက်တာ။ စားရင်လည်း ဝိတ်က တက်လာမှာ ဆိုတော့ မစားရဲဘူး။ ဒါဆို ဝိတ်မတက်အောင် ပေါင်မုန့်စားလို့ မရဘူးလား။ ရတာပေါ့နော်။ Nice foodie လေးတွေ အတွက် ပေါင်မုန့် စားရင်တောင် ဝိတ်မတက်တဲ့နည်းလေးတွေ ရှာပေးထားပါတယ်။ စိတ်ဝင်စားသွားပြီ မဟုတ်လား။


(၁) Whole grain bread ကို ရွေးဝယ်

Whole grain bread ဆိုတာ ဘာကြီးလဲ။ Nice foodie တို့ဟာ Good morning နဲ့ရင်းနှီးသူတွေဖြစ်လို့ ပေါင်မုန့်အဖြူ တွေပဲ အစားများကြမှာပါ။ ပေါင်မုန့်သားဟာ ညိုပြီးကြမ်းနေမယ်။ အထဲမှာ ကွေကာအုပ်ဖတ်လို နှမ်းလို အမှုန်အဖတ်တွေပါနေမယ်ဆိုရင် ဒါဟာ whole grain bread ပါပဲ။ အစေ့အဆံတွေနဲ့ လုပ်ထားတဲ့ ဂျုံကြမ်းပေါင်မုန့်ပေါ့။ ဒီပေါင်မုန့်ကတော့ ဝိတ်လုံးဝမတက်စေတဲ့အတွက် စိတ်ချလက်ချ စားနိုင်ပါတယ်။


(၂) ပေါင်မုန့်ကို ဆီနဲ့တို့စား

ဟင် ဝိတ်ကျချင်ပါတယ်ဆိုနေ အဆီတွေပါစားခိုင်းနေတာလား။ ဟုတ်ပါတယ်။ သင်စားမယ့်ပေါင်မုန့်ကို သံလွင်ဆီ အုန်းဆီ ဆားမပါတဲ့ထောပတ်စတဲ့ ကျန်းမာရေးအတွက် သင့်လျော်တဲ့အဆီတစ်မျိုးမျိုးရောစားမယ်ဆိုရင် အရသာလည်းရှိ စားလို့လည်းကောင်း ဝိတ်လည်းမတက်ပါဘူးတဲ့။ ခုနက အဆီတွေဟာ ကျန်းမာတဲ့အဆီတွေမို့လို့ စားသုံးနိုင်ပါတယ်။


(၃) Sandwich လုပ်စားနိုင်ပါသေး

တကယ်လို့များ အသားညှပ်ပေါင်မုန့် စားချင်တယ်ဆိုရင် ပေါင်မုန့်အရှည်လုံးရဲ့ ဘေးဘက်အသားတွေကို သုံးပြီး အသားညှပ် လုပ်စားနိုင်ပါတယ်။ ပေါင်မုန့်အရှည်အလုံးလိုက်ကြီးတွေမှာဆိုရင် ဟိုဘက်ထိပ် ဒီဘက်ထိပ်က ဖြတ်ထားတဲ့ အချပ်တွေပေါ့။


(၄) ကင်ပြီးစားလိုက်ပါဦး

ပေါင်မုန့်ကို မီးကင်စားရင်လည်း ဝိတ်အများကြီးမတက်ပါဘူးတဲ့။


(၅) တစ်နေ့တစ်ချပ်နှုန်း

ဘာပေါင်မုန့်ပဲစားစား တစ်နေ့ကိုတစ်ချပ်ပဲစားမယ်ဆိုရင် ဝိတ်လုံးဝမတက်ပါဘူးတဲ့။ ဒါဆို sandwich ကို ဘယ်လိုလုပ်စားမလဲ။ အဲ့ဒီအတွက် open-faced sandwiches လုပ်စားပါလို့ အကြံပေးပါရစေ။ Open-faced sandwich ကတော့ ပေါင်မုန့်နှစ်ချပ်မသုံးဘဲ တစ်ချပ်တည်းပေါ်မှာ အစာပလာတင်ပြီး လုပ်စားတာဖြစ်ပါတယ်။








コメント


bottom of page