top of page

ဝိတ်ချသူတွေကို ကူညီပေးမယ့် မနက်စာ (၅) မျိုး

  • Writer: Nice Food Myanmar
    Nice Food Myanmar
  • Aug 15, 2019
  • 1 min read

ဝိတ်ချတဲ့သူတွေ အခက်အတွေ့ဆုံးက ဘာစားရမလဲဆိုတာပါပဲ။ စားတာများသွားတာနဲ့ ဝိတ်က ထိုးတက်လာတော့မှာလေ။ အရသာမရှိတာတွေကို လှိမ့်ပိမ့်စားနေရတာလည်း သဘောမကျ။ အရသာရှိတာတွေကျတော့ ဝလာမှာလည်း စိုးရ။ ဒီတော့ အရသာရှိတဲ့မနက်စာအတွက် ဖြေရှင်းနည်းလေး ပေးချင်ပါတယ်။


ကြက်ဥ

ကြက်ဥမှာ နေ့စဉ်လိုအပ်တဲ့ အာဟာရတွေ ပါဝင်နေတဲ့ အပြင် အဆာခံစေတာကြောင့် ဝိတ်ချနေတုန်း စားဖို့ အထူးသင့်တော်ပါတယ်။


ငှက်ပျောသီး

အမျှင်ဓာတ်ပါဝင်မှု များလို့ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် ကောင်းမွန်ပြီး ကယ်လိုရီနည်းတဲ့အတွက် ငှက်ပျောသီးလေး ထည့်စားပေးနိုင်ပါတယ်။


Oatmeal

သူကတော့ ကွေကာအုပ်အဖတ်လေးတွေပေါ့။ ကွေကာအုပ်အထုပ်ထဲမှာက နို့မှုန့် သကြားတွေပါလို့ ဝိတ်တက်စေနိုင်ပါတယ်။ Oatmeal သီးသန့်ဝယ်ပြီး စားမယ်ဆိုရင်တော့ နှလုံးကျန်းမာရေးနဲ့ အလေးချိန်လျော့ကျလာဖို့ကို အာမခံပါတယ်။


ထောပတ်သီး

ဝိတ်ချသူတိုင်း ရွေးကြတာတော့ ထောပတ်သီးပဲ ဖြစ်ပါတယ်။ ဝမ်းဗိုက်တွင်း အဆီတွေကို လျှော့ချပေးနိုင်ပြီး ကြက်ဥအကာကျက်နဲ့တွဲစားရင်တော့ အကောင်းဆုံးပါပဲ။


Multiseed bread

Multiseed bread ဟာ သာမန်ပေါင်မုန့်အဖြူ တွေထက် ကယ်လိုရီပိုနည်းပါတယ်။ အစေ့အဆံတွေပါဝင်လို့ လိုအပ်တဲ့အာဟာရတွေအပြင် အရသာရှိတဲ့အတွက် ဝိတ်ချနေပေမယ့် ပေါင်မုန့်စားချင်တဲ့သူတွေကတော့ Multiseed bread ကို ရွေးချယ်သင့်ပါတယ်။


အပေါ်က ငါးမျိုးက တကယ်လည်း အရသာ မရှိပါဘူး။ ဟုတ်လို့လား။ အခုပြောသွားတဲ့ ငါးမျိုးကို ဒိန်ချဉ်လေးနဲ့ တွဲဖက်စားမယ်ဆိုရင် အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မနက်စာလေးနဲ့ လှနိုင်မှာပါနော်။














Comentarios


bottom of page