top of page

ဝိတ်ချနေသူတွေလည်း စားလို့ရမယ့် multiseed bread

  • Writer: Nice Food Myanmar
    Nice Food Myanmar
  • Aug 15, 2019
  • 1 min read


ပေါင်မုန့်စားလို့ ဝိတ်မကျပေမယ့် ဝိတ်ချနေတုန်းတော့ ပေါင်မုန့်စားနိုင်ပါ တယ်။ ပေါင်မုန့်အဖြူ အချောတွေတော့ မစားနဲ့ပေါ့နော်။ ကိုယ်အလေးချိန်ထိန်းနေတဲ့သူတစ်ယောက်ဆိုရင် အဆာလည်းခံပြီး အာဟာရလည်းပြည့်တဲ့ Multiseed bread ကို စားဖို့ ညွှန်းပေးချင်ပါတယ်။


ဘာလို့ multiseed bread ကို ဝိတ်ချနေတုန်း စားရမှာလဲ? ဘယ်လို အကျိုးကျေးဇူးတွေပေးနိုင်လဲ?


✔✔ Multiseed bread ဟာ ကယ်လိုရီနည်းပြီး ကာဘိုဟိုက်ဒရိတ်ပါဝင်မှု များတာကြောင့် ကျန်းမာရေး အတွက် သင့်တော်တဲ့ ပေါင်မုန့်ဖြစ်ပါတယ်။


✔✔ ဒီပေါင်မုန့်ဟာ ဝိတ်အရမ်း မတက်စေတာမို့ ပေါင်မုန့်ချစ်သူတွေ စိတ်ချလက်ချစားနိုင်ပါတယ်။


✔✔ ဂျုံနဲ့အစေ့အဆံတွေ ပါဝင်လို့ ဗိုက်ပြည့်လွယ်ပြီး အဆာခံစေပါတယ်။ ဒါကြောင့် work out လုပ်ရင် တော်ရုံ ဗိုက်မဆာတော့ဘူးပေါ့။


✔ ✔အစေ့အဆံတွေရဲ့ အာဟာရတွေကလည်း အစားလျှော့နေသူတွေမှာ လိုအပ်နေတဲ့ ဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဦးမှာပါ။


✔✔ အစာချေဖျက်နှုန်းနှေးစေတဲ့ ပေါင်မုန့်ဖြစ်လို့ သွေးတွင်းက သကြားဓာတ်ကို တက်မလာစေပါဘူး။


✔✔ ဆီးချိုသမားတွေ စားလို့ရတဲ့ ပေါင်မုန့်ဖြစ်ပြီး သာမန်ပေါင်မုန့်တွေထက် အစာအိမ်က စုပ်ယူချေဖျက်ဖို့ ပိုကြာလို့ diet လုပ်သူတွေအတွက် သင့်တော်တဲ့ မနက်စာဖြစ်ပါတယ်လု့ိ ပြောပါရစေ။







Comments


bottom of page