top of page

လူကြိုက်များတဲ့ ပေါင်မုန့် အမျိုးအစား (၆) မျိုး

  • Writer: Nice Food Myanmar
    Nice Food Myanmar
  • Aug 15, 2019
  • 1 min read

နိုင်ငံတိုင်းမှာ ဂျုံစားသုံးမှုဟာ အနည်းအများ ကွာတာပဲ ရှိတတ်ပါတယ်။ အချို့နိုင်ငံတွေက ဆန်ကို အားပြုစားသလို အချို့နိုင်ငံများမှာတော့ ဂျုံကို အားပြု စားသုံးကြပါတယ်။ ဒီတော့ ဂျုံကို သုံးပြီး ဘယ်လို ပေါင်မုန့်အမျိုးအစားတွေကို စားလေ့ ရှိကြလဲဆိုတာ မျှဝေပါရစေနော်။


1. Bagels

ပိုလန်နိုင်ငံက စတင်စားသုံးခဲ့တဲ့ ပေါင်မုန့်အမျိုးအစားဖြစ်ပါတယ်။ အခုဆိုရင်တော့ ကနေဒါ အမေရိကန်စတဲ့နိုင်ငံတွေ အထိ ပျံ့နှံ့စားသုံးနေကြပြီဖြစ်ပါတယ်။ ဒိုးနတ်လို အကွင်းပုံစံ ရှိပါတယ်။


2. Baguette

ပြင်သစ်နိုင်ငံရဲ့ အမှတ်အသားလို့တောင် ပြောနိုင်တဲ့ ပေါင်မုန့်ဖြစ်ပါတယ်။ ပေါင်မုန့်ချောင်းက အရှည်လိုက်ဖြစ်ပြီး မုန့်သားကတော့ အနည်းငယ်ကြမ်းကာ မာဆတ်ဆတ်ရှိပါတယ်။ အဆာခံတဲ့ပေါင်မုန့်မျိုးပါ။


3. Naan

အိန္ဒိယနိုင်ငံမှာစားတဲ့ ဂျုံနဲ့လုပ်ထားတဲ့ စားစရာပါ။ ပေါင်မုန့်နဲ့ နီးနီးစပ်စပ်မတူဘဲ မြန်မာတွေ အစားများတဲ့ နံပြားနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဂျုံနဲ့လုပ်တာ ဖြစ်လို့ ပေါင်မုန့်စာရင်းထဲ ထည့်ထားပုံပါပဲ။


4. Tortilla

မက္ကဆီကို နိုင်ငံမှာ စားသုံးနေကျ နာမည်ကြီး အစားအစာဖြစ်ပါတယ်။ သူကတော့ ချာပါတီ အပြားထပ်နည်းနည်းပါးပါတယ်။


5. Pumpernickel

ဂျာမနီနိုင်ငံရဲ့ နာမည်အကြီးဆုံး ပေါင်မုန့်ပါ။ အခြားပေါင်မုန့်တွေနဲ့ မတူတာကတော့ ပေါင်မုန့်အရောင်က ချောကလက်ရောင်လို ချစ်စရာလေးဖြစ်နေတာပါ။


6. Waffle

ဘယ်လ်ဂျီယံနိုင်ငံရဲ့ စားစရာဖြစ်ပါတယ်။ နူးညံ့တဲ့ မုန့်သားနဲ့ ခပ်ဆိမ့်ဆိမ့် အရသာကြောင့် ကလေးတွေပိုပြီး နှစ်သက်တာ တွေ့ရပါတယ်။






ree








Comments


bottom of page