top of page

မုန့်ဖုတ်တဲ့ နေရာမှာ သတိ ထားသင့်တဲ့ အချက်တွေ

  • Writer: Nice Food Myanmar
    Nice Food Myanmar
  • Aug 15, 2019
  • 1 min read

ချက်ပြုတ်တယ်ဆိုတဲ့ အထဲမှာ တကယ်တော့ မုန့်ဖုတ်တာ မပါပါဘူး။ မုန့်ဖုတ်ခြင်းဟာ လွယ်မယောင်နဲ့ ခက်ပါတယ်။ ဟင်းတစ်အိုး ချက်ရင် လိုအပ်တဲ့ အရသာ အပေါ့အငံက ပြင်လို့ရပေမယ့် မုန့်ဖုတ်တဲ့ နေရာမှာတော့ မီးဖိုထဲက ထွက်လာတဲ့ မုန့်ကို ပြန်ပြင်ဖို့ ခဲယဉ်းပါတယ်။ ဒီတော့ အောက်မှာပါတဲ့ အချက်လေးတွေကို သတိထားမယ်ဆိုရင် ပထမဆုံး အကြိမ်မှာတင် မုန့်ဖုတ်ခြင်းကို အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။


🍞🍞 အညွှန်းကိုသေချာဖတ်ပါ။ ပါဝင်ပစ္စည်းတွေကို သေချာစီစစ်ပြီးမှ မုန့်ဖုတ်ရန် စတင်ပါ။


🍞🍞 မုန့်ဖုတ်တဲ့ မီးဖိုဟာ သတ်မှတ်ထားတဲ့ အပူချိန်ကို ကြိုတင်အပူပေးထား ရပါမယ်။


🍞🍞 ပါဝင်ပစ္စည်းတွေကို တိကျတဲ့ အချိုးအစားအတိုင်း ထည့်ရမှာ ဖြစ်ပါတယ်။ တိုင်းတာတဲ့ခွက်တွေ ကိရိယာတွေရှိရင် ပိုအဆင်ပြေပါတယ်။


🍞🍞 ဇကာချဖို့ မမေ့ပါနဲ့။ မုန့်သားညက်စေသလို အမှုန့်တွေကိုလည်း သေချာရောနှောစေမှာမို့လို့ပါ။


🍞🍞 ပါဝင်ပစ္စည်းတစ်ခုခု လိုနေရင် အခြားတစ်ခုနဲ့ အစား မထိုးပါနဲ့။ မုန့်လုပ်နည်း အညွှန်းမှာ တခြား တစ်ခုခု ထည့်နိုင်ပါတယ်လို့ ပြောထားမှ ထည့်ပါ။


🍞🍞 ကွတ်ကီးလုပ်တဲ့နေရာမှာ မုန့်သားကို အကြာကြီးမနယ်ပါနဲ့။ ကြာကြာနယ်လေ မုန့်သားမာလေလေပါပဲ။


🍞🍞မုန့်ဖုတ်မီးဖိုကို အချိန်မစေ့ဘဲ တံခါးမဖွင့်ပါနဲ့။


🍞🍞 မုန့်ဖုတ်မီးဖိုရဲ့ အလယ်တည့်တည့်မှာ မုန့်ဗန်းကိုထားပါ။


🍞🍞 သင်ထင်တဲ့အချိုး အဆအတိုင် း မှန်းမထည့်ပါနဲ့။ မုန့်ဖုတ်လမ်းညွှန်ဟာ သင်ထင်တာထက် ပိုရှုပ်ထွေးပါတယ်။ သူ့ထဲမှာ ဒါကိုဒီလောက်ထည့်ရမယ်ဆိုရင် သင်က ဒါကိုဒီလောက်ထည့်ရမှာ ဖြစ်ပါတယ်။


🍞🍞 သန့်ရှင်းလတ်ဆတ်တဲ့ ပစ္စည်းတွေကိုသာသုံးပါ။


🍞🍞 စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။















Comments


bottom of page