top of page

ပေါင်မုန့်ထဲမှာ အစေ့အဆံလေးတွေ ပါခဲ့မယ်ဆိုရင်

  • Writer: Nice Food Myanmar
    Nice Food Myanmar
  • Aug 15, 2019
  • 1 min read

Multi-seed bread ဆိုတာ အနောက်နိုင်ငံတွေမှာ အရမ်းကို အစားများတဲ့ ပေါင်မုန့်တစ်မျိုးပဲ ဖြစ်ပါတယ်။ အစေ့အဆံလေးတွေ အများကြီးပါပြီး နူးညံ့တဲ့ အညိုရောင် ပေါင်မုန့်လေး ဖြစ်ပါတယ်။ ဒီပေါင်မုန့်ကို စားမယ်ဆိုရင်တော့ ဂျုံချောပေါင်မုန့်တွေထက် ကျန်းမာရေးကို အများကြီး အထောက်အကူပေးပါတယ်။


✌✌ ကယ်လိုရီ လုံးဝမတက်

သင်ဟာ တစ်နေ့ကို ကယ်လိုရီ၂၀၀၀ ပဲပါတဲ့ diet ကို လုပ်နေတယ်ဆိုရင်တောင် multi-seed bread ကို စိတ်ချလက်ချ စားလို့ရပါတယ်။ ဘာလို့လဲဆိုတော့ multi-seed bread တစ်ချပ်ဟာ ကယ်လိုရီ၆၉ပဲ ပါဝင်လို့ပါ။


✌✌ အမျှင်ဓာတ်တွေ အများကြီး

Multi-seed bread တစ်ချပ်မှာ fiber 1.9 g ပါဝင်နေပါတယ်။ ဝမ်းဗိုက်ကျန်းမာရေး အတွက် ကောင်းမွန်စေမှာဖြစ်ပြီး ဆီးကျိတ်ကင်ဆာ မဖြစ်အောင်လည်း ကာကွယ်ပေးမှာပါ။


✌✌ ကြွယ်ဝတဲ့ Manganese

သင့်ရဲ့ တစ်နေ့တာလိုအပ်တဲ့ manganese ပမာဏရဲ့ ၂၆% ကို multi seed bread တစ်ချပ်က ပေးနိုင်ပါတယ်။ လိုအပ်တဲ့ manganese မရရှိဘူး ဆိုရင် ညဘက်မှာ သာမန်ထက် အမြင်အာရုံချို့ယွင်းနိုင်တာတွေ ဖြစ်တတ်ပါတယ်။


✌✌ ရောဂါတွေကို ကာကွယ်စေ

ဒီပေါင်မုန့်ဟာ cholesterol နည်းပါးတာကြောင့် သွေးပျစ်ခဲခြင်း လေဖြတ်ခြင်း နှလုံးတိုက်ခိုက်ခံရခြင်း နှင့် ဆီးချိုဖြစ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။


အခုဆိုရင် ကျန်းမာရေးအသိ မြင့်မားလာတဲ့ မြန်မာနိုင်ငံမှာလည်း အစေ့အဆံပေါင်မုန့်ညိုလေးတွေကို ရွေးချယ်စားသုံးနေကြပါပြီ။ မင်မင်လည်း ဝိတ်ထိန်းနေတဲ့ အချိန် ပေါင်မုန့်ကလည်း မဖြတ်နိုင်တော့ ဒီလို ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ပေါင်မုန့်ကိုပဲ ရွေးစားရတော့တာလေ။






Comments


bottom of page