top of page

ပေါင်မုန့်ထဲမှာ သစ်သ်ီးလေးတွေနဲ့

  • Writer: Nice Food Myanmar
    Nice Food Myanmar
  • Aug 15, 2019
  • 1 min read

သီးစုံကိတ်ဆိုတာ ကိုယ်တွေကလေးဘဝတည်းက မက်မက်မောမောစားခဲ့ရတာပေါ့။ လူကြီးတွေကို သီတင်းကျွတ်ကန်တော့တဲ့အထဲ သီးစုံကိတ်ပါရင် စားဖို့ စောင့်နေရတာလေ။ အခုကျတော့ သီးစုံကိတ်တင် မကဘူး။ သီးစုံပေါင်မုန့်ပါ ရှိတယ်တဲ့။ နောက်တစ်မျိုး ကြိုက်ရပြန်ြပ်ီပေါ့။


ပေါင်မုန့်ထဲမှာစပျစ်သီးခြောက်လေးတွေ ပါတတ်တာကိုတော့ Nice Foodies လေးတို့ မြင်ဖူးကြပါလိမ့်မယ်။ အဲ့ဒါကတော့ Raisin bread ပေါ့။ စပျစ်သီးခြောက်သီးသန့်ပါတဲ့ ပေါင်မုန့်ပါ။ Fruit bread သစ်သီးစုံ ပေါင်မုန့်ကတော့ စပျစ်သီးခြောက်တင်မကတော့ ပါဘူး။ ပန်းသီး နာနတ်သီး သစ်တော်သီး စပျစ်သီးနဲ့ သီဟိုဠ်စေ့ စတာတွေကို အခြောက်ခံထားပြီး ပေါင်မုန့်ဖုတ်တဲ့အထဲမှာ ထည့်ပြီး ဖုတ်ထားလို့ သစ်သီးတွေရဲ့ အရသာကိုလည်း ပေါင်မုန့်စားရင်းခံစားရမှာပါ။


ဒီလို သစ်သီးစုံပေါင်မုန့်မျိုးကျတော့ သူ့ချည်းပဲစားရင်လည်း အဆင်ပြေပါတယ်။ အသီးအရသာတွေပါနေတော့ စားလို့ကောင်းတာပေါ့။ တစ်ခု သတိထားဖို့က fruit bread ဟာ sandwich လုပ်စားဖို့နဲ့ ပေါင်မုန့်ကြက်ဥကြော်လိုမျိုးမှာ သိပ်အဆင်မပြေဘူးဆိုတာပါပဲ။


ree



Comments


bottom of page