top of page

ပေါင်မုန့်တွေ ကြာကြာ အထားခံအောင်

  • Writer: Nice Food Myanmar
    Nice Food Myanmar
  • Aug 15, 2019
  • 1 min read

ဆိုင်ကနေ စားချင်တဲ့ပေါင်မုန့်လေးတွေ ဝယ်လာပြီး သက်တမ်းမလွန်ခင် မှိုတက်သွားတာ အနံ့ထွက်လာတွေကို ကြုံဖူးကြတယ်မလား။ ဒါတွေကတော့ ပေါင်မုန့်ရဲ့ သက်တမ်းကြောင့်မဟုတ်ဘဲ ထားသိုသိမ်းဆည်းမှု မှားယွင်းလို့ဖြစ်ပါတယ်။

ဒါဆိုရင် ပေါင်မုန့်တွေကို ဘယ်လိုသိမ်းကြမလဲ။


– ရေခဲသေတ္တာထဲ မထည့်ပါနဲ့။ ကြာကြာခံပေမယ့် စားမကောင်းပါဘူး။


– အခန်းအပူချိန်မှာပဲထားပါ။


– လုံလုံခြုံခြုံထုပ်ပိုးခြင်းက ပေါင်မုန့်အရသာကို ထိန်းသိမ်းပေးပါတယ်။


– ပလတ်စတစ် သို့မဟုတ် အလူမီနီယံ ခဲပတ်နှင့် ထုပ်ပိုးထားနိုင်ပါတယ်။


– ခြောက်သွားပေမယ့် သက်တမ်းမကုန်သေးတဲ့ ပေါင်မုန့်ကို ရေအနည်းငယ်စွတ်ပြီး microwave တွင် ခေတ္တအပူပေးကာ သုံးဆောင်နိုင်ပါတယ်။


– အကောင်းဆုံးကတော့ ပေါင်မုန့်ကို ထုတ်လုပ်ပြီး နှစ်ရက်ကနေ သုံးရက်အတွင်းမှာ စားသုံးသင့်ပါတယ်။









Comments


bottom of page