top of page

ပေါင်မုန့်ကောင်းမှာ ရှိသင့်တဲ့ အချက် (၅)ချက်

  • Writer: Nice Food Myanmar
    Nice Food Myanmar
  • Aug 15, 2019
  • 1 min read

သင်ဟာ ပေါင်မုန့်နှစ်သက်သူလား။ ဒါမှမဟုတ် သင်ချစ်တဲ့ခင်တဲ့သူတွေထဲမှာရော ပေါင်မုန့်ကြိုက်သူတွေ ရှိလား။ ဒါဆိုရင်တော့ ဒီစာကို ဖတ်ကို ဖတ်ထားရမှာဖြစ်ပါတယ်။ ပေါင်မုန့်တစ်လုံးကို ကြည့်လိုက်တာနဲ့တင် စားကောင်းတယ် မကောင်းဘူး။ ဝယ်သင့်တယ် မဝယ်သင့်ဘူး ဆိုတာကို သိရင် အရွေးမှားမှာ ပူစရာ မလိုတော့ဘူးပေါ့။


စားကောင်းတဲ့ပေါင်မုန့်မှာ ဒီလိုလက္ခဏာလေးတွေရှိပါတယ်တဲ့။


🍞🍞 ပေါင်မုန့်ရဲ့အပေါ်ခွံဟာ ကြွပ်နေရပါမယ်။ အရောင်အားဖြင့် ရွှေညိုရောင် ကနေ အညိုဖျော့ဖျော့ထိရှိနိုင်ပါတယ်။


🍞🍞 ပေါင်မုန့်သားဟာ ပွပွဖောင်းဖောင်းလေး ဖြစ်နေရပါမယ်။ တချို့သော မုန့်ဖုတ်သူတွေဟာ ဂျုံနယ်ရာမှာ အကြာကြီး နယ်မိတဲ့အတွက်ကြောင့် ပေါင်မုန့်သားဟာ ကျစ်ပြီး သိပ်သည်းနေတာ တွေ့ရပါမယ်။ မုန့်သားပွတဲ့ပေါင်မုန့်ဟာ စားလို့ပိုကောင်းပါတယ်။


🍞🍞 ပေါင်မုန့်သားဟာ စိုအိနေရပါမယ်။ ပေါင်မုန့် အဖြူ ဖြစ်စေ အညိုဖြစ်စေ လှီးထားတဲ့ပေါင်မုန့်ချပ်ကို ကြည့်မယ်ဆိုရင် မုန့်သားဟာ လတ်ဆတ်စိုဖတ်နေမှ စားသုံးဖို့ရွေးချယ်သင့်ပါတယ်။ မုန့်သားခြောက်ကပ်ပြီး မုန့်ဖတ်အမှုန်တွေထွက်သယောင် ဖြစ်နေရင် အဲ့ဒီပေါင်မုန့်ထုတ်လေးကို ပြန်ချထားခဲ့လိုက်ပါ။


🍞🍞 အနံ့ကောင်းမှ ပေါင်မုန့်ကောင်းပါတယ်။ အနံ့မရှိတဲ့ပေါင်မုန့်ကိုစားရင် လေကို ဝါးနေရသလိုပဲဖြစ်မှာပါ။


🍞🍞 လှီးပြီးသား ပေါင်မုန့်အချပ်တွေဝယ်မယ်ဆိုရင် ပေါင်မုန့်အသားမှာ အပေါက်လေးတွေပါတာကို တွေ့ရပါမယ်။ အပေါက်ကြီးလေ ဂျုံသားကောင်းမွန်တယ်ဆိုတာကို ပြနိုင်လေလေပါပဲ။ အပေါက်ကြီးကြီးတွေပါတဲ့ ပေါင်မုန့်ကို ရွေးဝယ်ပါ။





Comments


bottom of page