top of page

တစ်နေ့ တစ်မျိုး စားသင့်တဲ့ အစေ့အဆံများ

  • Writer: Nice Food Myanmar
    Nice Food Myanmar
  • Aug 15, 2019
  • 1 min read

အစေ့အဆံတွေမှာ ထင်မှတ်မထားလောက်တဲ့ အာဟာရဓာတ်တွေ ရှိနေတယ်ဆိုတာ သင်သိပါသလား။ အသီးအရွက်နဲ့ အသားငါးတွေသာမကဘဲ အစေ့အဆံတွေသုံးဆောင်ပေးခြင်းဟာလည်း ကျန်းမာရေးနဲ့ ညီညွတ်စေတာမို့လို့ တစ်နေ့ကို အစေ့အဆံတစ်မျိုး စားသုံးပေးသင့်ပါတယ်နော်။ အာဟာရအရှိဆုံးနဲ့ ဝယ်ယူစားသုံးဖို့ လက်လှမ်းမီနိုင်တဲ့ အစေ့အဆံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


ဖရုံစေ့

အရသာရှိတဲ့ အဆာပြေစား အစေ့တွေထဲမှာ ဖရုံစေ့ဟာ သံဓာတ်အများဆုံး ပါဝင်နေပါတယ်။ အမိုင်နိုအက်စစ် ပရိုတိန်းနဲ့ အိုမီဂါသရီးလည်း ပါဝင်တာကြောင့် စားကိုစားသင့်တဲ့ အစေ့တစ်မျိုးပါပဲ။


ဖရဲစေ့/ကွာစေ့

ဖရဲသီးအစေ့ သေးသေးလေးတွေမှာ အိုမီဂါ သရီး အိုမီဂါဆစ်စ် အပြင် ပိုတက်ဆီယမ်ဓာတ်လည်း ကြွယ်ဝစွာပါဝင်နေပါတယ်။


နေကြာစေ့

ဗီတာမင်အီး အပြည့်ဝဆုံး အစေ့အဆံကတော့ နေကြာစေ့ပဲဖြစ်ပါတယ်။ အသားအရေလှပဖို့အတွက် နေကြာစေ့စားပေးနိုင်ပါတယ်။


နှမ်း

ပရိုတိန်းနဲ့ အမျှင်ဓာတ်အများဆုံးပါဝင်နေတဲ့အပြင် သွေးတွင်းအဆီဓာတ်ကိုလည်း လျော့နည်းစေတာကြောင့် နှမ်းကိုလည်း စားသုံးသင့်ပါတယ်။


သင်ကော တစ်နေ့ကို အစေ့အဆံဘယ်နှစ်မျိုးလောက် စားဖြစ်ပါသလဲ။ အစေ့အဆံတွေသီးသန့်စားဖို့ အချိန်မပေးနိုင်ရင်တော့ multiseed bread တွေကို စားသုံးနိုင်ပါတယ်နော်။




ree

Comments


bottom of page