တကယ့္ Red Velvet ဆိုတာ
- Nice Food Myanmar
- Aug 15, 2019
- 1 min read
ကိတ်မုန့်ချစ်သူတွေ တော်တော်များများ ရင်းနှီးတာကတော့ Red Velvet cake ပါပဲ။ ဟုတ်ပါတယ်။ နူးညံ့တဲ့ ကိတ်မုန့်သားနဲ့ ဆွဲဆောင်မှု အားကောင်းတဲ့ အနီရောင်လေးက မြင်တာနဲ့သွားရည်တွေ ကျလာရောပဲလေ 😋😋
Red Velvet က ဘာလဲဆိုတာရော သိပြီးကြပြီလား??
💋💋 ဖမ်းစားနိုင်တဲ့ အနီရောင်နဲ့ နူးညံ့တဲ့ ကတ္တီပါလိုမျိုးမုန့်သားကြောင့် Red Velvet လို့ နာမည်ရလာပါတယ်။
📅 📅 ၁၈၀၀ ပြည့်နှစ်တည်းက Red Velvet ကို စတင်စားသုံးခဲ့ကြပါတယ်။
❣️❣️ ကိတ်ပြုလုပ်တဲ့ နေရာမှာ သုံးတဲ့ ဂျုံမှုန့်ကတော့ Almond Flour ဖြစ်ပါတယ်။
❣️❣️ ကိတ်ပြုလုပ်ရာမှာ ပါဝင်တဲ့ နို့ နဲ့ ဗီနီဂါက ဓာတ်ပြုပြီး မဟော်ဂနီရောင်ထွက်လာတာ ဖြစ်ပါတယ် ။
❣️❣️ ဒုတိယ ကမ္ဘာစစ်ပြီးနောက်မှာ အစာဆိုးဆေး အနီရောင်ကို အစားထိုးအသုံးပြုခဲ့ကြပါတယ်။

Comments