ဆီးချိုဝေဒနာရှင်တွေ လုံးဝမစားသင့်တဲ့ ပေါင်မုန့်များ
- Nice Food Myanmar
- Aug 15, 2019
- 1 min read
ဆီးချိုရောဂါဖြစ်နေပြီဆိုရင် အချိုနဲ့ ဆီးချိုတက်စေမယ့်အရာမှန်သမျှရှောင်ရပါတော့တယ်။ အဲ့ဒီအထဲမယ် ပေါင်မုန့်လေးတွေလည်း ပါသွားတာပေါ့။ ဆီးချိုရောဂါရှင်တွေစားလို့ရတဲ့ပေါင်မုန့်ဆိုတာ အရမ်းတာ့မများပါဘူး။ ဒါပေမယ့် ဒီပေါင်မုန့်တွေကိုတော့ လုံးဝ လုံးဝရှောင်သင့်ပါတယ်နော်။
- ကယ်လိုရီအရမ်းများတဲ့ပေါင်မုန့်
ပေါင်မုန့်တစ်ချပ်ကိုအများဆုံး ကယ်လိုရီ ၉၀ ပဲရှိရင် အစေ့အဆံတွေလည်းပါတယ်ဆိုရင် စားလို့ရပါတယ်။
- ကာဘိုဟိုက်ဒရိတ်အရမ်းများတဲ့ပေါင်မုန့်
ဆိုင်ကဝယ်တဲ့ပေါင်မုန့်အများစုဟာ တစ်ချပ်ကို ကာဘိုဟိုက်ဒရိတ် ၃၀ ဂရမ်ပါဝင်တတ်ပါတယ်။ ဒီထက်များရင်တော့ မစားတာ အသင့်တော်ဆုံးပါပဲနော်။
- အဆီအရမ်းများတဲ့ပေါင်မုန့်
Total fat 2 gram ဒါမှမဟုတ် zero fat ပေါင်မုန့်တွေ စားပေးနိုင်ပါတယ်။ Nice Food မှာ ဖော်ပြဖူးတဲ့ ဆန်ပေါင်မုန့်မျိုးလည်း စားနိုင်ပါတယ်။
- ဒါတွေ ပါတဲ့ပေါင်မုန့်
Transfat, azodicarbonamide, DATEM, artificial colors စတာတွေ ပေါင်မုန့်ထုပ်ပေါ်မှာ ပါလာရင် ဆီးချိုသမားတွေစားဖို့ အဆင်မပြေပါဘူးနော်။

Comments