ဂရိလူမျိုးတွေ စတင်စားသုံးခဲ့ကြတဲ့ bun ပေါင်မုန့်
- Nice Food Myanmar
- Aug 15, 2019
- 1 min read
ပေါင်မုန့်လုံးလုံးလေးတွေက ချစ်စရာကောင်းတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ကြဘူးဟုတ်။ ဒီပေါင်မုန့် လုံးလုံးလေးတွေနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်လေးတွေကို Nice Food ပရိတ်သတ်ကြီး သိရအောင် ပြောပြပေးလိုက်ပြီနော်။
🍞 Bun လို့ခေါ ်တဲ့ ပေါင်မုန့်လုံးလေးတွေကို ရှေးခေတ်ဂရိလူမျိုးတွေက စတင်စားသုံးခဲ့ကြတယ်လို့ ဆိုပါတယ်။
🍞 ၁၂ရာစုက ဘုန်းတော်ကြီးတစ်ပါးဟာ အီစတာပွဲတော်အတွက် bun ပေါ ်မှာ လက်ဝါးကပ်တိုင် ပုံဖော်ခဲ့ပါတယ်။
🍞 သောကြာနေ့မှာ ဖုတ်ထားတဲ့ bun ဟာ တစ်နှစ်ပတ်လုံး လတ်ဆတ်နေတယ်လို့အယူ ရှိပါတယ်။
🍞 Bun ကို သူငယ်ချင်းနှစ်ယောက် မျှဝေစားရင် ကျောက်သားလို ခိုင်မာတဲ့ သံယောဇဉ် ရရှိပါတယ်တဲ့။
🍞 ၁၅၉၂ ခုနှစ်မှာ ဘုရင်မကြီး အဲလစ်ဇဘက် က bun ပေါင်မုန့် တွေကို ခရစ်စမတ်နေ့ မှာပဲ စားသုံးဖို့ ကြေညာခဲ့ပါတယ်။

Comments