ကမ္ဘာတစ်ဝှမ်းမှာ ပေါင်မုန့်ကို ဘယ်လိုစားသုံးကြသလဲ??
- Nice Food Myanmar
- Aug 15, 2019
- 1 min read
ပေါင်မုန့်နဲ့ပတ်သက်တဲ့ အကြောင်းအရာ တချို့ကို Nice Food မှာ ဖော်ပြထားပြီးဖြစ်လို့ အနည်းငယ်ရင်းနှီးနေမယ်လို့ ထင်ပါတယ်။ ☺️😊 ဒီတစ်ခါမှာတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ နိုင်ငံတွေမှာ ပေါင်မုန့်ကို ဘယ်လိုမျိုး စားသုံးကြ လဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒီစာလေးဖတ်ပြီးရင် ပေါင်မုန့်ကို တခြား အစားအစာတွေနဲ့ တွဲဖက်စားလို့ ရသေးတယ်ဆိုတာ သိသွားကြမယ်လို့ မျှော်လင့်ပါတယ်။ ☺️😊
🍞🍞 ဗင်နီဇွဲလားနဲ့ ကိုလံဘီယာမှာ အမဲသား ချိစ် ဝက်ပေါင်ခြောက်တို့နဲ့ ပေါင်မုန့်ကို စားသုံးကြပါတယ်။ ရံဖန်ရံခါမှာ ကြက်သားသုပ်နဲ့လည်း တွဲစားတတ်ပါတယ်။
🍞🍞 အိန္ဒိယနိုင်ငံမှာတော့ ပဲဟင်း နဲ့တွဲစားတတ်ကြပါတယ်။
🍞🍞 သြစတြေးလျနိုင်ငံမှာ ပေါင်မုန့်ကို အသားခြောက်တွေနဲ့ တွဲစားပြီး ဟင်းချိုပါ တွဲဖက်သောက်သုံးလေ့ ရှိပါတယ်။
🍞🍞 အိုက်စ်လန်နိုင်ငံမှာ ကင်ထားတဲ့ ဆယ်လ်မွန်ငါးနဲ့ တွဲပြီး စားသုံးပါတယ်။
🍞🍞 အီတလီနိုင်ငံမှာတော့ ထမင်းမစားခင်မှာ ပေါင်မုန့်ချောင်းသေးသးလေးတွေကို ဟင်းခတ်အမွှေးအကြိုင် အနှစ်တွေနဲ့ တို့စားပါတယ်။
🍞🍞 အမေရိကန်နိုင်ငံမှာတော့ ပေါင်မုန့်ကို ယို ထောပတ်တို့ သုတ်ပြီး စားတတ်ကြပါတယ်။
🍞🍞 ရုရှားနိုင်ငံမှာ အာလူးထောင်းနဲ့ပေါင်မုန့်ကို တွဲဖက်စားပါတယ်
🍞🍞 မြန်မာနိုင်ငံမှာတော့ ပေါင်မုန့်ကို နေ့လယ်နေ့ခင်း အစာပြေ စားတတ်ကြသလို အလွယ်တကူ စားသုံးနိုင်လို့ မနက်စာအနေနဲ့လည်း စားသုံးကြပါတယ်

Comments