Wholemeal bread ကို ဒီလိုစားကြမယ်
- Nice Food Myanmar
- Aug 15, 2019
- 1 min read
ပေါင်မုန့်ညိုညို ကြမ်းကြမ်းကြီးတွေကို မြင်ဖူးတယ်မလား။ တခြား ပေါင်မုန့်တွေကြားမှာ မျက်နှာငယ်ရတဲ့ ပေါင်မုန့်လေးပေါ့။ သူတို့လေးတွေက အမြင်မလှ အရသာ သိပ်မပြည့်ဝပေမယ့် ကျန်းမာရေး အတွက် အရမ်းကို သင့်တော်ပါတယ်နော်။ အရသာ သိပ်မရှိလို့ wholemeal bread ကို မစားချင်ပါဘူး ဆိုရင် ဒီလိုလေးတွေ လုပ်စားကြည့်ကြစို့ကွယ်။
– wholemeal bread လေးကို မီးကင် ထောပတ်သီးလေး လှီးပြီးတင် ကြက်ဥ မကျက်တကျက်ကြော်လေးနဲ့ စားလိုက်ပါ။
– ငါးသေတ္တာ သို့မဟုတ် တူနာကို မရောနိစ်နဲ့ အတူ ခြေပြီးမွှေ ပေါင်မုန့်ပေါ် သုတ်စားပါ။
– အသီးအရွက်လေးတွေကို သေးသေးလှီး salad cream လေးထည့်နယ် နယ်ထားတဲ့ အရွက်သုပ်လေးကို ပေါင်မုန့်နဲ့ ညှပ်စားပါ။
– ကြက်သားကို အသားချည်း ပါးပါးလေးလွှာ ဆားငရုတ်ကောင်းဖြူ းပြီး မီးကင် wholemeal bread လေးကို ထောပတ်ပါးပါးသုတ် ကြက်ကင်လေး အုပ်ပြီး စားပါ။
– လွယ်လွယ်ကူကူပဲ စားချင်တယ်ဆိုရင်တော့ မြေပဲထောပတ် နို့ဆီ ချိစ် sandwich cream တစ်မျိုးမျိုးသုတ်ပြီး စားနိုင်ပါသေးတယ်နော်။

Comments