top of page

Sweet bun လေးတွေ

  • Writer: Nice Food Myanmar
    Nice Food Myanmar
  • Aug 15, 2019
  • 1 min read

ပေါင်မုန့်လုံးလေးတွေကို စားဖူးကြတယ်မလား။ ဒါပေမယ့် ရိုးရိုးပေါင်မုန့် မဟုတ်ဘဲ ပေါင်မုန့်ချိုချိုလေးတွေလေ။ တစ်ကိုက် ကိုက်လိုက်တာနဲ့ အရသာချိုချိုလေးနဲ့ စားကောင်းတဲ့ ပေါင်မုန့်လေးပေါ့။ ဒီပေါင်မုန့်လေးတွေကို sweet bun လို့ခေါ်ပါသတဲ့။ Sweet bun လေးတွေဟာ စားလို့ကောင်းသလို ကျန်းမာရေး အတွက်လည်း တကယ် ကောင်းပါတယ်လို့။

Sweet buns တွေမှာ ကာဘိုဟိုက်ဒရိတ်တွေများလို့ အားဖြစ်စေပါတယ်။

အမျိုးသမီးတွေဟာ သံဓာတ်အားနည်းတတ်ကြပါတယ်။ Bun မှာ သံဓာတ်တွေ ပါဝင်လို့ မိန်းကလေးတွေ ပိုစားသင့်ပါတယ်။

သွေးနီဥတွေဖြစ်စေဖို့ Folate ကလည်း လိုပြန်ရော။ Bun ထဲမှာ folate တွေအများကြီးပါနေလို့ သွေးနီဥဖြစ်ပေါ်ဖို့ အားပေးနို်င်တာပေါ့။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမျှင်ဓာတ်တွေများများ ရဖို့ဆိုရင် bun လေးတွေကို များများစားပေးရပါမယ်။













Comments


bottom of page