top of page

ကိုယ်အလေးချိန်တွေ တဝုန်းဝုန်း ကျသွားမယ့် ရိုင်းဂျုံကြမ်းပေါင်မုန့်

  • Writer: Nice Food Myanmar
    Nice Food Myanmar
  • Aug 15, 2019
  • 1 min read

ဟိတ် ... ဒီပေါင်မုန့်နာမည်ကို မသိဘူးမလား။ မသိသေးဘူးဆိုရင် ပြောပြမယ်လေ။ သူ့နာမည်က Rye bread ပါတဲ့။ မြန်မာလို ဆိုရင် ရိုင်းဂျုံကြမ်းနဲ့ လုပ်ထားတဲ့ ပေါင်မုန့်ပေါ့။ ပေါင်မုန့် အများစုက ဂျုံချောနဲ့ လုပ်ပေမယ့် ဒါလေးကတော့ ခြွင်းချက်ပေါ့။ ဂျုံကြမ်းပေါင်မုန့်ဖြစ်နေလို့လေ။


Rye bread ကအရမ်းထူးခြားတယ်။ ဝိတ်ချနေတဲ့သူတွေ။ ရိုးရိုးချတာတောင်မဟုတ်ဘူးနော်။ ဝိတ်ကျချင်ပေမယ့် အစားတော့ မလျှော့နိုင်ဘူးဆိုတဲ့ ဝိတ်ချသူတွေ စားရမှာ။ ဒီအချက်ကို အကြိုက်ဆုံးပဲ။ ဘယ်လောက်ကောင်းလဲနော်။


Rye Bread ကိုစားရင် အဆာခံစေပါတယ်။ ပေါင်မုန့်စားရင် ဝိတ်တက်တယ်ဆိုတာ အားလုံးကသိပေမယ့် Rye ကတော့ သူနဲ့မဆိုင်သလိုပါပဲ။ Rye bread က ဝိတ်အရမ်းမတက်စေလို့ပါပဲ။


ထမင်းနေရာမှာ Rye bread ကို အစားထိုးပြီး ၁၄ရက်တိတိ စားမယ်ဆိုရင်လည်း သိသာတဲ့ ဗိုက်ချပ်ချပ်ကလေးကို ပေကြိုးနဲ့တိုင်းကြည့်နိုင်ပါတယ်တဲ့။


Rye bread ပါတဲ့ တစ်နပ်စာကို healthy meal ကျန်းမာရေးနဲ့ညီညွတ်တဲ့ တစ်နပ်စာလို့ ဆိုကြပါတယ်။ ဒါကြောင့် rye bread ဟာ လူကြိုက်များတဲ့ပေါင်မုန့်တွေထဲက တစ်ခုအဖြစ် ရပ်တည်နေဆဲပါ။




ပေါင်မုန့်လုံးလုံးလေးတွေက ချစ်စရာကောင်းတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ကြဘူးဟုတ်။ ဒီပေါင်မုန့် လုံးလုံးလေးတွေနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အချက်လေးတွေကို Nice Food ပရိတ်သတ်ကြီး သိရအောင် ပြောပြပေးလိုက်ပြီနော်။


🍞 Bun လို့ခေါ ်တဲ့ ပေါင်မုန့်လုံးလေးတွေကို ရှေးခေတ်ဂရိလူမျိုးတွေက စတင်စားသုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

🍞 ၁၂ရာစုက ဘုန်းတော်ကြီးတစ်ပါးဟာ အီစတာပွဲတော်အတွက် bun ပေါ ်မှာ လက်ဝါးကပ်တိုင် ပုံဖော်ခဲ့ပါတယ်။

🍞 သောကြာနေ့မှာ ဖုတ်ထားတဲ့ bun ဟာ တစ်နှစ်ပတ်လုံး လတ်ဆတ်နေတယ်လို့အယူ ရှိပါတယ်။

🍞 Bun ကို သူငယ်ချင်းနှစ်ယောက် မျှဝေစားရင် ကျောက်သားလို ခိုင်မာတဲ့ သံယောဇဉ် ရရှိပါတယ်တဲ့။

🍞 ၁၅၉၂ ခုနှစ်မှာ ဘုရင်မကြီး အဲလစ်ဇဘက် က bun ပေါင်မုန့် တွေကို ခရစ်စမတ်နေ့ မှာပဲ စားသုံးဖို့ ကြေညာခဲ့ပါတယ်။







Коментарі


bottom of page